ယူနိုက်တက်မှာသူခြေစွမ်းပြသနိုင်ခြင်း ရဲ့ အဓိကအကြောင်းရင်းကိုပထမဆုံးကြိမ်ဖွင့်ဟသွားခဲ့တဲ့ကာဗာနီ
UNICODE
ယူနိုက်တက်မှာသူခြေစွမ်းပြသနိုင်ခြင်း ရဲ့ အဓိကအကြောင်းရင်းကိုပထမဆုံးကြိမ်ဖွင့်ဟသွားခဲ့တဲ့ကာဗာနီ
ယူနိုက်တက်အသင်းကို ပြီးခဲ့တဲ့ နွေရာသီကမှ ရောက်ရှိလာခဲ့တဲ့ အသက် ၃၃ နှစ်အရွယ်ရှိ ဥရုဂွေးတိုက်စစ်မှုးဖြစ်သူ ကာဗာနီက ၎င်းအနေနဲ့ ယူနိုက်တက်မှာ ဘာကြောင့် ခြေစွမ်းပြနိုင်နေရတယ် ဆိုတာ ကို အခုလိုပြောပြသွားခဲ့ပါတယ်။ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ နွေက ငာ်ရွယ်တဲ့တိုက်စစ်မှုး တစ်ဦးကို ခေါ်ယူဖို စီစဉ်ခဲ့ပေမယ့် နောက်ဆုံးအချိန်မှာ ကာဗာနီ ကိုသာ ခေါ်ယူနိုင်ခဲ့တာကြောင့် ပရိတ်သတ်အချို့ရဲ့ ညိုငြင် မှု ကို လည်း ခံခဲ့ရပါသေးတယ်။
ဒါပေမယ့် လက်တွေ့ မှာတော့ ကာဗာနီဟာ အသင်း အတွက် ကစားပေး ခဲ့တဲ့ နောက်ပိုင်း ပရိသတ်တွေ နှစ်ခြိုက်တဲ့ ပုံစံကောင်း ၊ ကစားအား နေရာယူမှု အရည်အသွေး တွေကို ပြသ သွားနိုင်ခဲ့ ပါတယ် ။ ဒါ့အပြင် အရံလူ အဖြစ်သာ ကစားခွင့် များခဲ့တဲ့ ဥရုဂွေး လက်ရွေးစင်ဟာ 32 ပွဲ ပါဝင်ခဲ့ရာမှာ 15 ဂိုး အထိ သွင်းယူ ပေးထား နိုင်ခဲ့ ပါတယ် ။
အခုတော့ ကာဗာနီ ကိုယ်တိုင်က သူ့ရဲ့ အတွေ့အကြုံ ၊ ရင့်ကျက်မှု ၊ မိမိရဲ့ စွမ်းရည် အပေါ် ယုံကြည်ချက် ထားရှိမှု တွေက မန်ချက်စတာ ယူနိုက်တက် အသင်းမှာ အမြန်ဆုံး အထိုင်ကျ နိုင်ဖို့ ၊ တောက်ပ နိုင်ဖို့ အကူအညီတွေ ဖြစ်စေ ခဲ့ကြောင်း ပထမဆုံး အကြိမ် အဖြစ် ထုတ်ဖော် ပြောကြား သွားခဲ့လိုက် ပါတယ် ။
” ကျွန်တော် အမြဲတမ်း ဒီအကြောင်းကို တွေးတော ဖြစ်ခဲ့ပါတယ် ။ ဘဝရဲ့ ဘယ်လို အစိတ်အပိုင်းမျိုး မှာပဲ ဖြစ်ပါစေ ၊ လူသား တစ်ဦးရဲ့ ရင့်ကျက်မုှ ဆိုတာက အရမ်းကို အရေးကြီးလှ ပါတယ် ။ ဘာဖြစ်လို့လဲ ဆိုတော့ အဲ့တာက ပြသနာတွေကို ဖြေရှင်း တက်နိုင်သမျှ အမြန်ဆုံး ဖြေရှင်းပေးဖို့ အတွက် အထောက်အကူ ပေးလို့ ပါပဲ ”
” လူအများ ပြောကြသလိုပါပဲ ၊ ဒါက ဖြတ်လမ်း လိုက်တဲ့ နည်းလမ်း တစ်ခု ၊ အမြန်ဆုံး အထိုင်ကျ နိုင်မယ့် အခွင့်အလမ်း တစ်ခုကို ပေးဆောင် နိုင်ပါတယ် ။ ဘောလုံး အားကစား လောက မှာလည်း ဒါဟာ အတူတူ ပါပဲ ။ ဘောလုံး လောကမှာတော့ ခင်ဗျား အနေနဲ့ ရင့်ကျက်ဖို့ အရင် လုပ်ဆောင်ပြီး အတွေ့အကြုံ နဲ့ ယုံကြည်မှုတွေ ဆက်လက် ကောင်းမွန်အောင် လုပ်ဆောင်ရပါ့မယ် ”
” အဲ့တာက နှစ်တွေ ကုန်လာလေလေ ၊ ခင်ဗျားကို ခင်ဗျား ပိုကောင်းလာတယ်လို့ ခံစားရလေလေ ပါပဲ ။ ပြီးရင် ခင်ဗျားဟာ စိန်ခေါ်မှု အသစ် အသစ် တွေကို ရင်ဆိုင် နိုင်စွမ်း ရှိတယ် ဆိုတာကို ခံစားရတတ် ပါတယ် ။ ပြီးတော့ အသင်း မှာလည်း တည်ငြိမ်တဲ့ ခြေစွမ်း တစ်ခု နဲ့ အကျိုးပြု နိုင်စွမ်း ရှိမယ်လို့ ခံစားရ ပါတယ် ”
” ဒါ့ကြောင့် yes ပါ ။ ဒီအတွေ့အကြုံ က ကျွန်တော့် အတွက် အရမ်းကို အရေးကြီးတယ်လို့ ကျွန်တော် ခံစား နေရ ပါတယ် ။ အသင်းမှာ အရည်အသွေး ကောင်းတဲ့ ကစားသမားတွေ ၊ ပင်ကိုယ် ပါရမီ ကောင်းတဲ့ ကစားသမားတွေ များပြားကြပေမယ့် ကျွန်တော် ကတော့ ကိုယ့်အပေါ် ယုံကြည်မှု အမြဲတမ်း ရှိနေခဲ့ ပါတယ် ”
” ကျွန်တော် အမြဲတမ်း ပြောဖူး ပါတယ် ၊ ဘောလုံး ဆိုတာက တစ်ပွဲ ၊ နှစ်ပွဲ ၊ သုံးပွဲလောက် ကောင်းရုံ နဲ့ အဆင် မပြေနိုင် ပါဘူး ။ ကျွန်တော်တို့ တွေဟာ စိန်ခေါ်မှု တွေကို ယှဉ်ပြိုင် နိုင်စွမ်း ရှိဖို့ ၊ တည်ငြိမ်တဲ့ စွမ်းဆောင်ရည် ပြသ နိုင်ဖို့ အမြဲတမ်း အလုပ်တွေ အစွမ်းကုန် ကြိုးစားရပါတယ်။ တည်ငြိမ်တဲ့ ကစားသမား တစ်ဦး ဖြစ်နိုင်ဖို့ ကိုယ်ပိုင် စည်းကမ်းချက်တွေ သတ်မှတ်ရ ပါ့မယ် ”
ယူနိုက်တက်နဲ့ စာချုပ်သက်တမ်းတိုးလိုက်ပြီဖြစ်တဲ့ ကာဗာနီအကြောင်း အပြည့်အစုံ
” တစ်နှစ် ၊ နှစ်နှစ် ၊ သုံးနှစ် ၊ လေးနှစ် ဆိုတဲ့ အချိန် အတိုင်းအတာတွေနဲ့ အတူ ကျွန်တော်တို့ တွေဟာ ရင့်ကျက်မှု တွေကို ပိုမို ပိုင်ဆိုင်နိုင်ပါတယ် ။ အဲ့တာက စိန်ခေါ်မှု တွေကို ရင်ဆိုင် နိုင်ဖို့ အတွက် လိုအပ်တဲ့ တည်ငြိမ်မှုတွေကို ပေးစွမ်း နိုင်တဲ့ အရာ တစ်ခုပဲ ဖြစ်ပါတယ် ” လို့ ကာဗာနီ က ရှင်းလင်း ပြောကြား သွားခဲ့လိုက် ပါတယ် ။
ကာဗာနီဟာ လက်ရှိအချိန်မှာ ယူနိုက်တက် အသင်းအတွက် ခြေစွမ်းကောင်းများ ပြသနေပြီး မကြာသေးခင် အချိန်ကမှ တစ်နှစ်စာချုပ်သက်တမ်းတိုးထား သူလည်းဖြစ်ပါတယ်။
BY MAN U FAN FOREVER
ZAWGYI
ရော်နယ်ဒိုရဲ့ စံချိန်ကို ခနလေးနဲ့ လိုက်မှီသွားပြီ ဖြစ်တဲ့ ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်
BY MAN U FAN FOREVER
Related Posts
Leave a Reply
Your email address will not be published.
error: Content is protected !!