ပရိတ်သတ်တွေသဘော ကျစေမယ့် ကတိစကားမျိုး ပေးသွားခဲ့တဲ့ မေဆင်ဂရင်းဝုဒ်

UNICODE

ပရိတ်သတ်တွေသဘော ကျစေမယ့် ကတိစကားမျိုး ပေးသွားခဲ့တဲ့ မေဆင်ဂရင်းဝုဒ်

တခြားသူတွေ လိုက်မမီနိုင်အောင် ဂိုးတွေဆက်သွင်းပြမယ်လို့ ဂရင်းဝုဒ်ကြုံးဝါး

မန်ချက်စတာယူနိုက်တက်ဂန္ထဝင်တိုက်စစ်မှူး ရွန်နီရဲ့စံချိန်ကို ချိုးဖျက်ပြီးတဲ့နောက် ဂရင်းဝုဒ်က သူ့စံချိန်ကို တခြားလူငယ်ကစားသမားတွေ လိုက်မမီနိုင်အောင် ဂိုးတွေဆက်သွင်းဦးမယ်လို့ ကြုံးဝါးပြောဆိုခဲ့ပါတယ်။

အသက်(၁၉)နှစ်အရွယ်သာရှိသေးတဲ့ ဂရင်းဝုဒ်ဟာ ဗီလာကို (၃-၁)ဂိုးနဲ့အနိုင်ရခဲ့တဲ့ပရီးမီးယားလိဂ်ပွဲမှာ ယူနိုက်တက်အသင်းအတွက် အရေးပါတဲ့ဒုတိယဂိုးကို လှလှပပသွင်းယူခဲ့ပြီး ဒီဂိုးဟာ သူ့ရဲ့ယူနိုက်တက်ကစားသမားဘ၀ ပရီးမီးယားလိဂ်သွင်းဂိုး(၁၆)ဂိုးမြောက်ဖြစ်ခဲ့တာကြောင့် ရွန်နီ တင်ရှိထားတဲ့ ယူနိုက်တက်ဆယ်ကျော်သက်ကစားသမားတွေထဲမှာ လိဂ်သွင်းဂိုးအများဆုံးစံချိန်ကို တစ်ဂိုးအသာနဲ့ကျော်ဖြတ်နိုင်ခဲ့ပါပြီ။

၂၀၁၈ ခုနှစ်တုန်းက ယူနိုက်တက်အသင်းကြီးအတွက် ပွဲဦးထွက်ကစားခွင့်ရခဲ့သူ ဂရင်းဝုဒ်ဟာ လာမယ့်အောက်တိုဘာလမှာ အသက်(၂၀)ပြည့်မှာဖြစ်တာကြောင့် သူ့စံချိန်ကို နောက်ထပ်ချိုးဖျက်နိုင်မယ့်သူမရှိအောင် ဒီကာလအတွင်း ဂိုးတွေထပ်သွင်းမယ်လို့ ကြုံးဝါးခဲ့တာပါ။

MUTV နဲ့ အင်တာဗျူးမှာ ဂရင်းဝုဒ်က “ဒါဟာ တကယ့်ကို လှပတဲ့ဂိုးပါ။ ဗီလာနောက်ခံလူ တိုင်ရွန်မင်းစ်ဟာ ကျွန်တော့်ကို လူကပ်ကစားဖို့ပြင်ဆင်နေတာကို သိတာကြောင့် နည်းနည်းလေးလှုပ်ရှားလိုက်ရင် ဘောလုံးကန်ဖို့ ကိုက်တစ်ဝက်လောက်လွတ်သွားမှာပါ။ အခွင့်အရေးကို အကောင်းဆုံးအဆုံးသတ်နိုင်ခဲ့သလို ဒီဂိုးသွင်းယူနိုင်ခဲ့တဲ့အတွက် ကျွန်တော်ပျော်ရွှင်မိပါတယ်။

နောက်ထပ်လည်း ဂိုးတွေအများကြီးဆက်သွင်းနိုင်ဖို့ မျှော်လင့်မိပြီး အနာဂတ်မှာ ကျွန်တော့်စံချိန်ကို တခြားဘယ်သူမှမမီနိုင်အောင် ဂိုးတွေဆက်သွင်းသွားမှာပါ”လို့ ပြောကြားခဲ့ပါတယ်။ ဂရင်းဝုဒ်ဟာ ဒီရာသီအစပိုင်းမှာ ပုံမှန်ပွဲထွက်ခွင့်ရဖို့ရုန်းကန်ခဲ့ရပေမယ့် ရာသီဝက်ကာလနောက်ပိုင်း အသင်းတိုက်စစ်မှာ ပွဲထွက်ခွင့်တစ်နေရာရခဲ့ပြီး ခြေစွမ်းပြဂိုးတွေသွင်းယူနိုင်ခဲ့တဲ့အပြင် ဒီရာသီပြိုင်ပွဲစုံမှာ (၁၁)ဂိုးအထိသွင်းယူခဲ့ပြီးပါပြီ။

ဂရင်းဝုဒ်ဟာ ပြီးခဲ့တဲ့ယူရိုပါလိဂ်ဆီမီးဖိုင်နယ်ဒုတိယအကျော့ ရိုးမားနဲ့ပွဲတုန်းကလည်း ယူနိုက်တက်ကစားသမားဘ၀ ပွဲ(၁၀၀)ပြည့်ခဲ့ပြီး ယူနိုက်တက်အသင်းသမိုင်းတစ်လျှောက် အင်္ဂလိပ်ကစားသမားတွေထဲမှာ ပွဲ(၁၀၀)ပြည့်ခဲ့တဲ့အသက်အငယ်ဆုံးအဖြစ် စံချိန်တင်နိုင်ခဲ့ပါသေးတယ်။
credit mdiary

ယူနိုက်တက်နဲ့ စာချုပ်သက်တမ်းတိုးလိုက်ပြီဖြစ်တဲ့ ကာဗာနီအကြောင်း အပြည့်အစုံ

ZAWGyi

ပရိတ္သတ္ေတြသေဘာ က်ေစမယ့္ ကတိစကားမ်ိဳး ေပးသြားခဲ့တဲ့ ေမဆင္ဂရင္းဝုဒ္

တျခားသူေတြ လိုက္မမီႏိုင္ေအာင္ ဂိုးေတြဆက္သြင္းျပမယ္လို႔ ဂရင္းဝုဒ္ႀကဳံးဝါး

မန္ခ်က္စတာယူႏိုက္တက္ဂႏၴဝင္တိုက္စစ္မႉး ႐ြန္နီရဲ႕စံခ်ိန္ကို ခ်ိဳးဖ်က္ၿပီးတဲ့ေနာက္ ဂရင္းဝုဒ္က သူ႔စံခ်ိန္ကို တျခားလူငယ္ကစားသမားေတြ လိုက္မမီႏိုင္ေအာင္ ဂိုးေတြဆက္သြင္းဦးမယ္လို႔ ႀကဳံးဝါးေျပာဆိုခဲ့ပါတယ္။

အသက္(၁၉)ႏွစ္အ႐ြယ္သာရွိေသးတဲ့ ဂရင္းဝုဒ္ဟာ ဗီလာကို (၃-၁)ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ပရီးမီးယားလိဂ္ပြဲမွာ ယူႏိုက္တက္အသင္းအတြက္ အေရးပါတဲ့ဒုတိယဂိုးကို လွလွပပသြင္းယူခဲ့ၿပီး ဒီဂိုးဟာ သူ႔ရဲ႕ယူႏိုက္တက္ကစားသမားဘ၀ ပရီးမီးယားလိဂ္သြင္းဂိုး(၁၆)ဂိုးေျမာက္ျဖစ္ခဲ့တာေၾကာင့္ ႐ြန္နီ တင္ရွိထားတဲ့ ယူႏိုက္တက္ဆယ္ေက်ာ္သက္ကစားသမားေတြထဲမွာ လိဂ္သြင္းဂိုးအမ်ားဆုံးစံခ်ိန္ကို တစ္ဂိုးအသာနဲ႔ေက်ာ္ျဖတ္ႏိုင္ခဲ့ပါၿပီ။

၂၀၁၈ ခုႏွစ္တုန္းက ယူႏိုက္တက္အသင္းႀကီးအတြက္ ပြဲဦးထြက္ကစားခြင့္ရခဲ့သူ ဂရင္းဝုဒ္ဟာ လာမယ့္ေအာက္တိုဘာလမွာ အသက္(၂၀)ျပည့္မွာျဖစ္တာေၾကာင့္ သူ႔စံခ်ိန္ကို ေနာက္ထပ္ခ်ိဳးဖ်က္ႏိုင္မယ့္သူမရွိေအာင္ ဒီကာလအတြင္း ဂိုးေတြထပ္သြင္းမယ္လို႔ ႀကဳံးဝါးခဲ့တာပါ။

MUTV နဲ႔ အင္တာဗ်ဴးမွာ ဂရင္းဝုဒ္က “ဒါဟာ တကယ့္ကို လွပတဲ့ဂိုးပါ။ ဗီလာေနာက္ခံလူ တိုင္႐ြန္မင္းစ္ဟာ ကြၽန္ေတာ့္ကို လူကပ္ကစားဖို႔ျပင္ဆင္ေနတာကို သိတာေၾကာင့္ နည္းနည္းေလးလႈပ္ရွားလိုက္ရင္ ေဘာလုံးကန္ဖို႔ ကိုက္တစ္ဝက္ေလာက္လြတ္သြားမွာပါ။ အခြင့္အေရးကို အေကာင္းဆုံးအဆုံးသတ္ႏိုင္ခဲ့သလို ဒီဂိုးသြင္းယူႏိုင္ခဲ့တဲ့အတြက္ ကြၽန္ေတာ္ေပ်ာ္႐ႊင္မိပါတယ္။

ေနာက္ထပ္လည္း ဂိုးေတြအမ်ားႀကီးဆက္သြင္းႏိုင္ဖို႔ ေမွ်ာ္လင့္မိၿပီး အနာဂတ္မွာ ကြၽန္ေတာ့္စံခ်ိန္ကို တျခားဘယ္သူမွမမီႏိုင္ေအာင္ ဂိုးေတြဆက္သြင္းသြားမွာပါ”လို႔ ေျပာၾကားခဲ့ပါတယ္။ ဂရင္းဝုဒ္ဟာ ဒီရာသီအစပိုင္းမွာ ပုံမွန္ပြဲထြက္ခြင့္ရဖို႔႐ုန္းကန္ခဲ့ရေပမယ့္ ရာသီဝက္ကာလေနာက္ပိုင္း အသင္းတိုက္စစ္မွာ ပြဲထြက္ခြင့္တစ္ေနရာရခဲ့ၿပီး ေျခစြမ္းျပဂိုးေတြသြင္းယူႏိုင္ခဲ့တဲ့အျပင္ ဒီရာသီၿပိဳင္ပြဲစုံမွာ (၁၁)ဂိုးအထိသြင္းယူခဲ့ၿပီးပါၿပီ။

ဂရင္းဝုဒ္ဟာ ၿပီးခဲ့တဲ့ယူ႐ိုပါလိဂ္ဆီမီးဖိုင္နယ္ဒုတိယအေက်ာ့ ႐ိုးမားနဲ႔ပြဲတုန္းကလည္း ယူႏိုက္တက္ကစားသမားဘ၀ ပြဲ(၁၀၀)ျပည့္ခဲ့ၿပီး ယူႏိုက္တက္အသင္းသမိုင္းတစ္ေလွ်ာက္ အဂၤလိပ္ကစားသမားေတြထဲမွာ ပြဲ(၁၀၀)ျပည့္ခဲ့တဲ့အသက္အငယ္ဆုံးအျဖစ္ စံခ်ိန္တင္ႏိုင္ခဲ့ပါေသးတယ္။
credit mdiary

Related Posts

Leave a Reply

Your email address will not be published.

error: Content is protected !!