ယူနိုက်တက်နဲ့ စာချုပ်သက်တမ်းတိုးလိုက်ပြီဖြစ်တဲ့ ကာဗာနီအကြောင်း အပြည့်အစုံ

UNICODE

ယူနိုက်တက်နဲ့ စာချုပ်သက်တမ်းတိုးလိုက်ပြီဖြစ်တဲ့ ကာဗာနီအကြောင်း အပြည့်အစုံ

ယူနိုက်တက် အသင်းမှာ လက်ရှိအချိန်ထိ ပုံမှန်ခြေစွမ်းကောင်းတွေပြ သနေတဲ့ ဝါရင့်တိုက်စစ်မှုးကြီး ကာဗာနီကတော့ လက်ရှိအချိန်မှာ ယူနိုက်တက်အသင်းနဲ့ အတူ ၂၀၂၂ ခုနှစ် ဇွန်လ အထိ ရှိနေမယ့် စာချုပ်သစ် တစ်ခုကို ချုပ်ဆိုလိုက်ပြီ ဖြစ်ကြောင်း နမည်ကျော်သတင်း
ထောက် ရိုမာနို က ရေးသား ဖော်ပြသွားခဲ့ပါတယ် ။

ကာဗာနီဟာ ယူနိုက်တက်အသင်းကို ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွေ့က တစ်နှစ်စာချုပ် နဲ့ ရောက်ရှိလာသူ ဖြစ်ပြီး ဂန္တ၀င်နံပါတ် ကျောနံပါတ် ၇ ကို ယူဆောင်ကာ အချိန်ကာလ အတော်ကြာ ကျိမ်စာသင့်နေတဲ့ ကျော‌နံပါတ် ၇ ကျိမ်စာကို လည်း ထိုက်သင့်သလောက် ကျော်ဖြတ် ပြီး ပရိတ်သတ် အကြိုက်ခြေစွမ်းကောင်းတွေ ပြသ ကာ မရှိမဖြစ် တိုက်စစ်မှုး တစ်ဦး အဖြစ်လည်း ရပ်တည်နေပြီဖြစ်ပါတယ်။

ယူနိုက်တက် လူငယ် တိုက်စစ်မှုးတွေအတွက်စံ ပြဖြစ်နေသူ ကာဗာနီ ဟာ လက်ရှိအချိန်မှာ ယူနိုက်တက်အသင်းအတွက် ပြိုင်ပွဲစုံ ပွဲပေါင်း ၃၂ ပွဲပါ ၀င်ကစားထားပြီး သွင်းဂိုး ၁၅ ဂိုးသွင်း ယူကာ ဖန်တီးမှု ၂ ကြိမ်လည်း ပြုလုပ်ထားနိုင်တာ ဖြစ်ပါတယ်။ ယူနိုက်တက်အသင်းကို ယူရိုပါလိဂ် ဖိုင်နယ် ရောက်အောင်လည်း ၎င်းရဲ့ သွင်းဂိုး တွေနဲ့ အတူ စွမ်းဆောင်ထားနိုင်ပေးသူတစ်ဦးဖြစ်ပြီး အသက်အရွယ်နဲ့ မလိုက်အောင် ကောင်းမွန်လှတဲ့ ကစားအားကြောင့် ပရိတ်သတ်များသာ မက ကစားသမားဟောင်းများ ကပါ နှစ်သက်သဘောကျခြင်းကို ခံနေရသူ တစ်ဦးလည်း ဖြစ်ပါတယ်။

ကာဗာနီဟာ ယခုအခါ ယူနိုက်တက်အသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုလိုက်ပြီ ဖြစ်တာကြောင့် လာမယ့် ၂၀၂၂ ခုနှစ် ဇွန်လ ကုန်အထိ ယူနိုက်တက်အသင်းမှာ ဆက်လက်ရှိနေတော့မှာလည်း ဖြစ်ပါတယ်။ စာချုပ်ပါ အသေးစိတ်အချက်အလက်တွေကို တော့ အသင်းမှ တရား၀င် ကြေငြာချင်း မရှိသေးပါခင်ဗျား။

By Man U Fan Forever

 

ရော်နယ်ဒိုရဲ့ စံချိန်ကို ခနလေးနဲ့ လိုက်မှီသွားပြီ ဖြစ်တဲ့ ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်

ZAWGYI






By Man U Fan Forever

Related Posts

Leave a Reply

Your email address will not be published.

error: Content is protected !!