ရော်နယ်ဒိုရဲ့ စံချိန်ကို ခနလေးနဲ့ လိုက်မှီသွားပြီ ဖြစ်တဲ့ ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်

UNICODE

မန်ချက်စတာယူနိုက်တက်အသင်း ကွင်းလယ်လူဘရူနိုဖာနန်ဒက်စ်ဟာ

အက်စတွန်ဗီလာကို (၃-၁)ဂိုးနဲ့အနိုင်ရခဲ့တဲ့ပရီးမီးယားလိဂ်ပွဲမှာ

ယူနိုက်တက်အသင်းအတွက်သာမက ပရီးမီးယားလိဂ်ပြိုင်ပွဲ

စံချိန်မှတ်တမ်းကောင်းတွေကို ပိုင်ဆိုင်ခဲ့ပါတယ်။

ဘရူနိုဖာနန်ဒက်စ်ဟာ အက်စတွန်ဗီလာနဲ့ပွဲမှာ အသင်းအတွက်ချေပဂိုးကို

ပယ်နယ်တီကနေသွင်းယူခဲ့ပြီး ဒါဟာ ဒီရာသီပရီးမီးယားလိဂ်ပြိုင်ပွဲမှာ

ဘရူနိုဖာနန်ဒက်စ်ရဲ့ ပယ်နယ်တီကနေသွင်းယူခဲ့တဲ့

(၁၃)ဂိုးမြောက်လည်းဖြစ်ခဲ့ပါတယ်။

ယူနိုက်တက်အသင်းသမိုင်းမှာ ပရီးမီးယားလိဂ်တစ်ရာသီအတွင်း

ပယ်နယ်တီသွင်းဂိုး(၁၃)ဂိုးအထိ သွင်းယူခဲ့သူ မရှိခဲ့ဘဲ အခု ဘရူနိုဖာနန်ဒက်စ်က

ပထမဆုံးအဖြစ် စံချိန်တင်ခဲ့တာပါ။ ဘရူနိုဖာနန်ဒက်စ်ဟာ ယူနိုက်တက်

အသင်းအတွက် ပြိုင်ပွဲစုံ(၇၆)ပွဲကစားပြီးချိန်မှာ ပယ်နယ်တီကနေ (၂၁)ဂိုးအထိ

သွင်းယူခဲ့ပြီး သူ့ရဲ့ပြိုင်ပွဲစုံသွင်းဂိုးက (၃၉)ဂိုးအထိရှိနေတာကြောင့်

အဲဒီသွင်းဂိုးတွေထဲက (၅၃.၉%)က ပယ်နယ်တီကနေသွင်းယူခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် အက်စတွန်ဗီလာနဲ့ပွဲမှာ ဘရူနိုဖာနန်ဒက်စ်ရဲ့ ပယ်နယ်တီက

ဒီရာသီပရီးမီးယားလိဂ်ပြိုင်ပွဲကာလတစ်လျှောက် ကလပ်အသင်းတွေ

ပြိုင်ဘက်ကိုပေးခဲ့ရတဲ့(၁၁၃)ကြိမ်မြောက် ပယ်နယ်တီဖြစ်သလို

၂၀၀၆-၀၇ ရာသီတုန်းက စံချိန်တင်ထားတဲ့ ပယ်နယ်တီ(၁၁၂)ကြိမ်ကို

ကျော်ဖြတ်ပြီး တစ်ရာသီအတွင်း ပယ်နယ်တီအများဆုံးပေးခဲ့ရတဲ့

ရာသီအဖြစ်စံချိန်တင်ခဲ့ပါပြီ။

ဒါ့အပြင် United မှာ အကျော်အမော်ဖြစ်ခဲ့ဖူးတဲ့ ပေါ်တူဂီသား Ronaldoဟာ

United မှာ လိဂ်သွင်းဂိုး ၂၅ဂိုးအတွက် ၁၁၂ပွဲ အချိန်ယူခဲ့ရပေမယ့် နောက်ထပ်

ပေါ်တူဂီလူမျိုးဖြစ်တဲ့ လက်ရှိ B.Fernandes ဟာတော့ သွင်းဂိုး ၂၅ဂိုးအတွက်

၄၈ပွဲသာ အချိန်ယူလိုက်ရပါတယ် ။

Credit to mdiarymm

မန္ခ်က္စတာယူႏိုက္တက္အသင္း ကြင္းလယ္လူဘ႐ူႏိုဖာနန္ဒက္စ္ဟာ

အက္စတြန္ဗီလာကို (၃-၁)ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ပရီးမီးယားလိဂ္ပြဲမွာ

ယူႏိုက္တက္အသင္းအတြက္သာမက ပရီးမီးယားလိဂ္ၿပိဳင္ပြဲ

စံခ်ိန္မွတ္တမ္းေကာင္းေတြကို ပိုင္ဆိုင္ခဲ့ပါတယ္။

ယူရိုပါလိဂ်ဗိုလ်လုပွဲအပြီးမှာ ဘရူနိုဖာနန်ဒက်ကို အထူးစာချုပ်သစ်ကမ်းလှမ်းမယ့် ယူနိုက်တက်

 

 

ဘ႐ူႏိုဖာနန္ဒက္စ္ဟာ အက္စတြန္ဗီလာနဲ႔ပြဲမွာ အသင္းအတြက္ေခ်ပဂိုးကို

ပယ္နယ္တီကေနသြင္းယူခဲ့ၿပီး ဒါဟာ ဒီရာသီပရီးမီးယားလိဂ္ၿပိဳင္ပြဲမွာ

ဘ႐ူႏိုဖာနန္ဒက္စ္ရဲ႕ ပယ္နယ္တီကေနသြင္းယူခဲ့တဲ့

(၁၃)ဂိုးေျမာက္လည္းျဖစ္ခဲ့ပါတယ္။

ယူႏိုက္တက္အသင္းသမိုင္းမွာ ပရီးမီးယားလိဂ္တစ္ရာသီအတြင္း

ပယ္နယ္တီသြင္းဂိုး(၁၃)ဂိုးအထိ သြင္းယူခဲ့သူ မရွိခဲ့ဘဲ အခု ဘ႐ူႏိုဖာနန္ဒက္စ္က

ပထမဆုံးအျဖစ္ စံခ်ိန္တင္ခဲ့တာပါ။ ဘ႐ူႏိုဖာနန္ဒက္စ္ဟာ ယူႏိုက္တက္

အသင္းအတြက္ ၿပိဳင္ပြဲစုံ(၇၆)ပြဲကစားၿပီးခ်ိန္မွာ ပယ္နယ္တီကေန (၂၁)ဂိုးအထိ

သြင္းယူခဲ့ၿပီး သူ႔ရဲ႕ၿပိဳင္ပြဲစုံသြင္းဂိုးက (၃၉)ဂိုးအထိရွိေနတာေၾကာင့္

အဲဒီသြင္းဂိုးေတြထဲက (၅၃.၉%)က ပယ္နယ္တီကေနသြင္းယူခဲ့တာျဖစ္ပါတယ္။

ဒါ့အျပင္ အက္စတြန္ဗီလာနဲ႔ပြဲမွာ ဘ႐ူႏိုဖာနန္ဒက္စ္ရဲ႕ ပယ္နယ္တီက

ဒီရာသီပရီးမီးယားလိဂ္ၿပိဳင္ပြဲကာလတစ္ေလွ်ာက္ ကလပ္အသင္းေတြ

ၿပိဳင္ဘက္ကိုေပးခဲ့ရတဲ့(၁၁၃)ႀကိမ္ေျမာက္ ပယ္နယ္တီျဖစ္သလို

၂၀၀၆-၀၇ ရာသီတုန္းက စံခ်ိန္တင္ထားတဲ့ ပယ္နယ္တီ(၁၁၂)ႀကိမ္ကို

ေက်ာ္ျဖတ္ၿပီး တစ္ရာသီအတြင္း ပယ္နယ္တီအမ်ားဆုံးေပးခဲ့ရတဲ့

ရာသီအျဖစ္စံခ်ိန္တင္ခဲ့ပါၿပီ။

ဒါ့အျပင္ United မွာ အေက်ာ္အေမာ္ျဖစ္ခဲ့ဖူးတဲ့ ေပၚတူဂီသား Ronaldoဟာ

United မွာ လိဂ္သြင္းဂိုး ၂၅ဂိုးအတြက္ ၁၁၂ပြဲ အခ်ိန္ယူခဲ့ရေပမယ့္ ေနာက္ထပ္

ေပၚတူဂီလူမ်ိဳးျဖစ္တဲ့ လက္ရွိ B.Fernandes ဟာေတာ့ သြင္းဂိုး ၂၅ဂိုးအတြက္

၄၈ပြဲသာ အခ်ိန္ယူလိုက္ရပါတယ္ ။

Credit to mdiarymm

Related Posts

Leave a Reply

Your email address will not be published.

error: Content is protected !!