အလန်ရှီးယားကိုယ်တိုင် ၀န်ခံချီးကျူး သွားတဲ့ မေဆင်ဂရင်းဝုဒ်ရဲ့ ထူးထူးခြားခြားအရည် အသွေး

UNICODE

အလန်ရှီးယားကိုယ်တိုင် ၀န်ခံချီးကျူး သွားတဲ့ မေဆင်ဂရင်းဝုဒ်ရဲ့ ထူးထူးခြားခြားအရည် အသွေး

ပရီးမီးယားလိဂ် နံမည်ကျော် တိုက်စစ်မှုးဟောင်း အလန်ရှီးယား ကတော့ ယူနိုက်တက် အသင်းရဲ့ ၁၉ နှစ်အရွယ်တိုက်စစ်မှုး မေဆင်ဂရင်းဝုဒ်ကို ခြေ‌ထောက်မရွေးကန်သွင်းနိုင်ပြီး အသက်အရွယ်နဲ့မလိုက် အံ့ဩစရာကောင်းအောင်ကောင်းမွန်ပြီး ယူနိုက်တက်တို့ ရေရှည်မှာ အားကိုးရမယ့် ကစားသမား ဟု ချီးကျူးသွား ခဲ့ပါတယ်။

မေဆင်ဂရင်းဝုဒ်ဟာ မနေ့ညက အက်စတွန်ဗီလာအသင်းကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ယူ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပွဲစဉ်အပြီးမှာတော့ ၎င်းရဲ့ လက်ရှိရာသီ ၁၁ ဂိုးမြောက် သွင်းဂိုး ကို သွင်းယူနိုင်ခဲ့ပြီး အသင်းကို လည်း အနိုင်ရစေမယ့် ဦးဆောင်ဂိုး ကို သွင်းယူပေးခဲ့နိုင်တာ လည်း ဖြစ်ပါတယ်။

ဒါ့အပြင် အဆိုပါဂိုးဟာ ဝိန်းရွန်းနီရဲ့ ယူနိုက်တက် အသင်းအတွက် အသက်အငယ်ဆုံး သွင်းဂိုး အများဆုံး စံချိန်(၁၅) ဂိုး ကို ၁၆ ဂိုး ဖြင့် ဖြတ်ကျော်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။ပရီးမီးယားလိဂ်ရဲ့ ဂန္တ၀င် ဂိုးသွင်းမုဆိုး အလန်ရှီးယား က အဆိုပါ အင်ဂလန်လက်ရွေးဆင် လူငယ်တိုက်စစ်မှုး မေဆင်ဂရင်းဝုဒ်မှာ မယုံနိုင်စရာ ခြေစွမ်းတွေ ရှိနေတယ် လို့ ဆိုသွားခဲ့ပါတယ်။ အလန်ရှီးယားက BBC နဲ့ အင်တာဗျူးမှာ” ဘယ်လောက်တောင်ထူးခြားကောင်းမွန်တဲ့ အရည်အသွေးမျိုးပါလိမ့်၊နောက် ၁၀ နှစ် ၁၅ နှစ်လောက်ထိ သူက ဂိုးတွေ ဆက်သွင်းနေဦးမှာပါ၊လိမ်မာတယ်၊ တောက်ပတာ တွေအပြင် အဆုံးသတ်ကလည်း တကယ်အံ့အားသင့်စရာပါ၊ ဘယ်ခြေ ၊ညာခြေ ကန်သွင်း ချက်တွေ အပြင် အဝေးကစ် တွေပါ ကောင်းမွန် သူ တစ်ဦးပါ။

ဒါတွေက သူ့ကို အရမ်းကို အံ့ဩစရာကောင်းနေတာပါ။ဒီလိုအရည်အသွေးမျိုးက ရှိဖို့ ခက်ခဲလှပါတယ်။ ဒီဂိုးမှာဆို ဂိုးသမား အနေနဲ့ ချိန်ဆမှု တွေ အနည်းငယ် လွဲမှား သွားတာ ဖြစ်ကောင်း ဖြစ်မှာပါ၊ အမှန်တကယ်ကတော့ ဂိုးသမားအနေနဲ့ လှဲချလိုက်ဖို့ အတွက် အချိန်မရလိုက်တာပါ ဘာလို့ဆို ကောင်လေးရဲ့ နောက်ပြန်လှည့်ရိမ်း ချက်ပြီး တချက်လှည့်ကန်ချက်က တကယ်ကောင်းမွန်လို့ပါ။ဓါက သူ့ ကို အံ့အားသင့်စေတဲ့ အရာတွေပါ။သူက ဒါမျိုးကို ဘယ်ခြေရော ညာခြေကို ပါ လုပ်နိုင်တဲ့လူပါ” ဟုချီးကျူးသွားခဲ့ပါတယ်။

By Man U Fan Forever.

ZAWGYI



ဗီလာ 1-3ယူနိုက်တက် ပွဲအပြီး ကာဗာနီ၊ဂရင်း၀ုဒ်၊ဖာနန်ဒက် တို့ တင်ရှိလိုက်သောစံချိန်မှတ်တမ်းကောင်းများ

 




By Man U Fan Forever.

Related Posts

Leave a Reply

Your email address will not be published.

error: Content is protected !!