ဗီလာ 1-3ယူနိုက်တက် ပွဲအပြီး ကာဗာနီ၊ဂရင်း၀ုဒ်၊ဖာနန်ဒက် တို့ တင်ရှိလိုက်သောစံချိန်မှတ်တမ်းကောင်းများ

UNICODE

ဗီလာ 1-3ယူနိုက်တက် ပွဲအပြီး ကာဗာနီ၊ဂရင်း၀ုဒ်၊ဖာနန်ဒက် တို့ တင်ရှိလိုက်သောစံချိန်မှတ်တမ်းကောင်းများ

ဂန္တ၀င်ကစားသမားကြီး ဝိန်းရွန်းနီ ရဲ့ စံချိန် မှတ်တမ်းကို ရိုက်ချိူး လိုက်ပြီဖြစ်တဲ့ မေဆင်ဂရင်းဝုဒ်             Wayne Rooney မှ (၁၅)ဂိုးသွင်းကာတင်ရှိခဲ့သော “မန်ချက်စတာယူနိုက်တက်အတွက် ပရီးမီးယားလိဂ်တွင်ဂိုးအများဆုံးသွင်းယူထားသောလူငယ်ကစားသမား” ဟူသည့်မှတ်တမ်းကို ယနေ့ညပွဲစဉ်တွင် Mason Greenwood က (၁၆)ဂိုးသွင်းယူကာကျော်ဖြတ်ပြခဲ့ပြီး စံချိန် မှတ်တမ်းအသစ် တင်ရှိလိုက်ပီ ဖြစ်ပါတယ်။
Congratulations pr Mason Greenwood                        ဖရန့်လမ်းပါတ်ရဲ့ စံချိန်ကို လိုက်မှီသွားပြီဖြစ်တဲ့ ဖာနန်ဒက်

ယနေ့ည ပွဲမှာ ပင်နယ်တီမှသွင်းဂိုးတစ်ဂိုး ရရှိခဲ့သော ဘရူနိုဖာနန်ဒက်သာ ယခုအခါ (2009-10)ရာသီက Frank Lampard တင်ရှိထားသည့် “တစ်ရာသီအတွင်းကွင်းလယ်ကစားသမားတစ်ဦးမှသွင်းယူခဲ့သည့် အမြင့်ဆုံးပြိုင်ပွဲစုံသွင်းဂိုးမှတ်တမ်းအရေအတွက်” (၂၇ဂိုး) ကို လိုက်မီသွားခဲ့ပြီဖြစ်သည်။ထို့အပြင် Bruno Fernandes သည် မန်ချက်စတာယူနိုက်တက်၏သမိုင်းတစ်လျောက် တစ်ရာသီအတွင်းပင်နယ်တီအများဆုံးသွင်းယူထားသည့်(ပင်နယ်တီသွင်းဂိုး – ၁၃ဂိုး) ပထမဦးဆုံးကစားသမားဖြစ်လာခဲ့ပါသည်။

တစ်ရာသီအတွင်းလူစားဝင်ကစားသမားတစ်ဦးမှသွင်းယူနိုင်သည့် အမြင့်ဆုံးသွင်းဂိုးစံချိန်ကိုလိုက်မှီသွားတဲ့ ကာဗာနီတစ်ရာသီအတွင်းလူစားဝင်ကစားသမားတစ်ဦးမှသွင်းယူနိုင်သည့် အမြင့်ဆုံးသွင်းဂိုးစံချိန်ကို တိုက်စစ်မှုး Edinson Cavani မှ လိုက်မီသွားခဲ့ပြီဖြစ်သည်။ (၅ ဂိုး |ယူနိုက်တက်မှတ်တမ်းသီးသန့်ဖြစ်သည်)အဆိုပါစံချိန်ကိုအစောဆုံးတင်ရှိထားသူများမှာ (2010-11)ရာသီတွင် Chicharito နှင့် (1998-99)ရာသီတွင် Ole Gunnar Solskjær တို့ဖြစ်သည်။
Source Up-to-date Manchester United news

ZAWGYI


ဂန္တ၀င်ကစားသမားကြီး ဝိန်းရွန်းနီ ရဲ့ စံချိန် မှတ်တမ်းကို ရိုက်ချိုး လိုက်ပြီဖြစ်တဲ့ မေဆင်ဂရင်းဝုဒ် Wayne Rooney မှ (၁၅)ဂိုးသွင်းကာတင်ရှိခဲ့သော “မန်ချက်စတာယူနိုက်တက်အတွက် ပရီးမီးယားလိဂ်တွင်ဂိုးအများဆုံးသွင်းယူထားသောလူငယ်ကစားသမား” ဟူသည့်မှတ်တမ်းကို ယနေ့ညပွဲစဉ်တွင် Mason Greenwood က (၁၆)ဂိုးသွင်းယူကာကျော်ဖြတ်ပြခဲ့ပြီး စံချိန် မှတ်တမ်းအသစ် တင်ရှိလိုက်ပီ ဖြစ်ပါတယ်။


၁ ဂိုးအကျောပေးပြီးမှ ၃ ဂိုး လိုက်သွင်းပေးခဲ့တဲ့ ဗီလာ ၁-၃ မန်ယူနိုက်တက်ပွဲအပြီး သုံးသပ်ချက်

 


Related Posts

Leave a Reply

Your email address will not be published.

error: Content is protected !!