ပဲလေစ့် နဲ့ ပွဲ အတွက် ရော်နယ်ဒိုရဲ့ နောက်ဆုံးရ ဒါဏ်ရာ ပြဿနာ အခြေအနေ 

Unicode

ပဲလေစ့် နဲ့ ပွဲ အတွက် ရော်နယ်ဒိုရဲ့ နောက်ဆုံးရ ဒါဏ်ရာ ပြဿနာ အခြေအနေ

ယူနိုက်တက် အသင်းရဲ့ တိုက်စစ်မှုး ဖြစ်သူ ရော်နယ်ဒို ဟာ လာမယ့် ခရစ်စတယ်လ်ပဲလေစ့် အသင်းနဲ့ ပွဲစဉ်မှာ ပါ၀င်နိုင်ဖို့ ရန် မသေချာဖူး လို့ သတင်းများထွက်ပေါ်  နေပါတယ်။

ရော်နယ်ဒိုဟာ ပြီး ခဲ့တဲ့ အာဆင်နယ် အသင်းနဲ့ ပွဲစဉ်မှာ အနိုင် ဂိုး သွင်းယူ ပြီးတဲ့ နောက် မှာတော့ ၎င်းရဲ့ အောင်ပွဲ ခံပုံဖြစ်တဲ့ “SIU” ပုံစံ အတိုင်း အောင်ပွဲ ခံရာမှ ဒူးမှာ နာကျင် မှု

ဒါဏ်ရာ အနည်းငယ် ခံစားခဲ့ရတယ်လို့ သိရပြီး အဆိုပါ နာကျင်မှု ကြောင့်လည်း ပွဲ မပြီး ခင်မှာ ဥမင်အတွင်း သို့ပြေး၀င်ကာ ရေခဲစိမ်ကာ အလျင် အမြန်သက်သာ‌လာအောင်

ပြုလုပ်ခဲ့ ရသည်လို့ လည်း သတင်းများ ထွက် ပေါ် လာခဲ့ ပါတယ်။ ဒါပေမယ့် လက်ရှိထွက်ပေါ် လာတဲ့ သတင်း တွေအရတော့ ရော်နယ်ဒို ဟာ မနက်ဖြန် ပွဲ ကို ပါ၀င် ဖို့ အဆင်သင့် ဖြစ်နေပြီလို့ သိရပါတယ်။

ရော်နယ်ဒိုဟာ ၎င်းဟာ ကြံ့ခိုင်မှု အပြည့်အ၀ ပြန်လည်ရရှိနေပြီဖြစ်ကြောင်းနဲ့ ဒါဏ်ရာ ပြဿနာ လုံး၀ ကင်းဆင်နေကြောင်း ကိုလည်းနည်းပြ သစ်ဖြစ်သူ ရန်းနစ်ကို သတိပေး ပြီးဖြစ်တယ်လို့ သိရပါတယ်။

Zawgyi







Related Posts

Leave a Reply

Your email address will not be published.

error: Content is protected !!