အားလုံးစိတ်၀င်စားနေကြတဲ့ ယူနိုက်တက် နည်းပြသစ်ဖြစ်လာသူ ရန်းနစ်ရဲ့ နည်းစနစ် အကြောင်းနဲ့ အရည်အသွေးများ 

Unicode

အားလုံးစိတ်၀င်စားနေကြတဲ့ ယူနိုက်တက် နည်းပြသစ်ဖြစ်လာသူ ရန်းနစ်ရဲ့ နည်းစနစ် အကြောင်းနဲ့ အရည်အသွေးများ

လက်ရှိလိုကိုမိုးတစ်မော်စကို အသင်းရဲ့ အားကစားဖွံ့ဖြိုးရေး ဒါရိုက်တာ အဖြစ်ဆောင်ရွက်နေသူ ရန်းနစ် ဟာ ယူနိုက်တက် အသင်းရဲ့ ယာယီနည်းပြ ရာထူးကို ရယူရန် ၆လ စာချုပ်ဖြင့် သဘောတူညီ

ခဲ့ ပြီလို့ သိရပါတယ်။ ဆိုတော့ ပရိတ်သတ် တွေ စိတ်၀င်စားနေကြမယ့် ရန်းနစ် အကြောင်းကို အားလုံးသိ အောင် ရှာဖွေ ပြီး ဖေါ်ပြ ပေးလိုက်ပါတယ်။ ကိုယ်တိုင်ရှာ

ဖွေထားတာ ဖြစ်ပြီး အချိန်အနည်းငယ် ပဲ ရရှိခဲ့တာ ကြောင့် အမှားတစ်ချို့ ပါခဲ့ရင် ခွင့် လွှတ်ပေး ဖို့ တောင်းဆို ပါတယ်။ ဆိုတော့ ရန်းနစ် ဆိုတာ ဘလိုလူမျိုး လဲ။ဘောလုံး လောက မှာတော့ ဂျာမနီ

ဘောလုံး လောက ရဲ့ခေါင်းကိုင် ဖခင်ကြီး လို့ သူ့ကို လူသိများ ကြပါတယ်။ လကိရှိ ပရီးမီးယား လိဂ်နည်းပြ တစ်ချို့ ဖြစ်ကြတဲ့ ကလောပ့်၊တူချယ်လ် တို့ နဲ့ ဘိုင်ယန် နည်းပြ နစ်ဂါယ်စမန်းတို့ ဆိုတာ

ရန်းနစ် စတင် ခဲ့တဲ့ gegenpressing နည်းစနစ် ကို အမှီပြုကာ ထွန်းပေါက် လာကြ သူဖြစ်ပြီး သူတို့ ရဲ့ လက်ရှိနည်းစနစ်တွေမှာလည်း ရန်းနစ်ရဲ့ လွှမ်းမိုးမှု တွေကို အထင်းသား မြင်တွေ့ နေရတယ်လို့ ဆို လို့ ရပါတယ်။

အသက် ၆၃ နှစ်ရှိပြီ ဖြစ်ပြီးနည်းပြဘ၀ကို အသက် ၂၅ နှစ် အရွယ် ထဲ က စတင် ၀င်ရောက် လာခဲ့ သူ ရန်းနစ် ဟာ ဘွန်ဒက်လီဂါ မှာ အချိန်တော်တော် ကြာ ကျင်လည်ခဲ့ပြီး ရှော်ကေး၊ဟန်နိုဗာ၊စတုဂတ်၊ဟော့ဖန်ဟိန်း၊ လိုက်ပဇစ် တို့ လို အသင်းတွေကို

ကိုင် တွယ် ခဲ့ပြီး အောင်မြင်မှု တစ်ချို့ လည်းရရှိခဲ့ပါတယ်။ အဲ့ဒီနောက် ၂၀၁၂ ခုနှစ် မှာ တော့ ရန်းနစ်တစ်ယောက် ရက်ဘူလ်းနဲ့ စတင် ကာ လက်တွဲခဲ့ ပြီး အားကစားဒါရိုက်တာ အဖြစ် ထမ်းဆောင်ကာ

ရက်ဘူလ်း ကုမ္ပဏိပိုင် အသင်း နှစ်သင်း ဖြစ်တဲ့ ဆဲလ်ဘတ် နဲ့ လိုက်ပဇစ်တို့ လို အသင်း တွေကို လူသိ များကာအောင် မြင်လာအောင်စနစ်တကျ အစီအစဉ်တွေ ချမှတ်ကာကူညီပေး နိုင်ခဲ့ ပါတယ်။

အထူးသဖြင့်သူ့ရဲ့လူငယ်တွေအပေါ်မြေတောင်မြှောက်ပေးမှု၊ အလားအလာရှိ ကစားသမားတွေ ခေါ်ယူ ပေးနိုင်မှု တွေအပြင် ဆဲလ်ဘတ်နဲ့ လိုက်ပဇစ် နှစ်သင်း စလုံးကို ဥရောပ အဆင့် ထိ

ရောက်အောင်ပို့ပေး နိုင် ခဲ့ တဲ့ အရည်အသွေး တွေ က အတော်လေး ကို လေးစားစရာ ကောင်း ခဲ့ ပါတယ်။ရက်ဘူလ်း အသင်းတွေ မှာတော့ အတော်လေး လုပ်ကိုင် ခွင့် ရခဲ့ ပြီး

လိုက်ပဇစ် အသင်း အတွက် နည်းပြသစ် ရှာ ချိန်မှာ ၎င်းလိုခြင်တဲ့ နည်းပြ စံချိန်စံနှုန်း တွေ နဲ့ မကိုက် ညီ သော ကြောင့် သူကိုယ်တိုင် နည်းပြအဖြစ် နှစ်ကြိမ်တိုင် ၀င် ရောက် လုပ်ကိုင် ခဲ့တာကလည်း

တကယ့်အာဂလူသား ဆိုတာ ပြသနေတာပါပဲ။ဒါ့အပြင် လက်ရှိနမည်ကျော် ကစားသမားတစ်ချို့ ဖြစ်တဲ့ တီမိုဝါနာ၊ဖာမီနို၊ကီတာ၊ မာနေး၊ မီနာမီနို ဒမ်ဘဘ အစရှိတဲ့ ကစားသမား တွေက ရန်းနစ် ရဲ့

မြေတောင်မြှောက်ပေး မှု နဲ့ ကစားသမားဘ၀ အောင်မြင် မှု စတင် ခဲ့ကြတာပါ။ပြီးခဲ့တဲ့ ၂၀၂၀ က မှ ရက်ဘူလ်းကနေ ထွက်ခွာ က လိုကိုမိုးတစ်မော်စကို အသင်းရဲ့ အားကစားဖွံ့ဖြိုးတိုးတက်ရေး

ဒါရိုက်တာ ရာထူး ကို ရယူကာ ကိုင်တွယ်နေတာဖြစ်ပြီး လက်ရှိမှာတော့ အဆိုပါ ရာထူးကို စွန့်ခွာကာ ယူနိုက်တက် ယာယီနည်းပြ အဖြစ်နဲ့ ၆ လကြာ ကိုင်တွယ် ဖို့ ကို သဘောတူညီ မှု ရခဲ့ပြီ

ဖြစ်ပါတယ်။ ဒါ့အပြင် ယာယီနည်းပြ ရာထူးကုန်ဆုံးချိန်မှာ ယူနိုက်တက် အားကစားဖွံ့ဖြိုးတိုးတက်ရေး အကြံပေးရထူးကို ၂ နှစ် ဆက်လက် တာ၀န်ယူ ဦးမှာ ဖြစ်တယ်လို့ လည်းသိရပါတယ်။ဒါဟာယူနိုက်တက်အတွက်တော့တစ်ချက်ခုတ် နှစ်ချက်ပြတ်ပါပဲ။

၄-၃-၃ / ၄-၂-၂-၂ ကစားကွက်တွေကိုအဓိကအသုံးပြုပြီး High pressing ကစားကာ နည်ပြအများအသုံးမပြုကြတဲ့၊ အသုံး မပြုနိုင်ကြတဲ့ vertical passing တွေကို တွင်တွင်ကျယ်ကျယ် သုံးလေ့ရှိပါတယ်။

စည်းကမ်းတင်းကျပ်ပြီးgegenpressing ရဲ့ ခေါင်းကိုင် ဖခင်ကြီး ဖြစ်တာ ကြောင့် ယူနိုက်တက် မှာ မကြာခင် အပြောင်း အလဲ များစွာကို တွေ့ မြင် လာရပါ‌တော့မယ်။

ဂျာဂျင်ကလောပ့်ကတော့ ရန်းနစ်ကို “အကောင်းဆုံးဂျာမနီသားနည်းပြ မဟုတ်ရင်တောင်အကောင်းဆုံး မန်နေဂျာတွေထဲက တစ်ယောက် ” လို့ ဆိုခဲ့ ဖူးပါတယ်။

ကဲနိဂုံးကို တော့ ယူနိုက်တက် ပရိတ်သတ်တွေ သဘောကျစေမယ့် သူပြောခဲ့ ဖူးတဲ့ စကားတစ်ခွန်းဖြစ်နဲ့ အဆုံးသတ် ပေးလိုက်ပါတယ်။

ရန်းနစ် “ငါ့အသင်းမှာ ဘောလုံး ပိုင်ထားပြီဆို ဘယ်တော့မှ နောက်နဲ့ ဘေးကိုပဲ  ပါတ်ပေးနေ မှာ မဟုတ်ဖူး၊၊ ” ကဲဆိုတော့ ဂေါင်းကြီးတို့ ဖရက်တို့ နဲ့ ဒီနည်းပြတော့ တွေ့ကြ ပီပေါ့ကွာ။ကူးယူဖေါ်ပြခြင်း မပြုရ၊

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *

error: Content is protected !!