ပရိတ်သတ် တွေပျော်ရွင်ရမယ့် ယူနိုက်တက်နည်းပြရာထူးနဲ့ပါတ်သတ်ပြီးအဲရစ်တန်းဟတ် ရဲ့၀န်ခံမှု 

Unicode

ပရိတ်သတ် တွေပျော်ရွင်ရမယ့် ယူနိုက်တက်နည်းပြရာထူးနဲ့ပါတ်သတ်ပြီးအဲရစ်တန်းဟတ် ရဲ့၀န်ခံမှု

ယူနိုက်တက် အသင်းကတော့ လက်ရှိအချိန်မှာ ဆိုလ်းရှား ကို ထုတ်ပါယ် ကာ  နည်းပြ သစ် ရှာပုံတော် ဖွင့် နေပြီး ၎င်းတို့ ရဲ့ ပစ်မှတ်နည်းပြ စာရင်းမှာ အသင်း လက်မဲ့

နည်းပြ တွေ မဟုတ်ကြ ပဲ လက်ရှိ အသင်း ရှိ‌နည်းပြ တွေဖြစ်ကြတဲ့ ပီအက်ဂျီနည်းပြ ပိုချက်တီနို၊ အေဂျက် အသင်းနည်းပြ အဲရစ်တန်းဟတ် တို့ က ထိပ်ဆုံးကနေ ရေပန်းစား လျက်ရှိပါတယ်။

လက်ရှိအချိန်မှာတော့ ယူနိုက်တက် အသင်းက ယာယီနည်းပြအဖြစ်မိုက်ကယ်ကားရစ်ကိုယာယီကိုင်တွယ်စေပြီး ရာသီကုန်မှ သာ နည်းပြ သစ် ခန့်အပ်မယ့် အခြေအနေရှိနေပါတယ်။

ယူနိုက်တက် နည်းပြ အဖြစ် ပရိတ်သတ် တွေ က အေဂျက်နည်းပြ ဖြစ်သူ အဲရစ်တန်းဟတ်ကို သာ မြင်တွေ့ ခြင်နေကြပြီး လက်ရှိ တန်းဟတ် ရဲ့ အင်တာဗျုး မှ စကားတစ်ခွန်းကြောင့်

ယူနိုက်တက် အသင်း ပရိတ်သတ် များအနေနဲ့ တန်းဟတ်ကို မျှော်လင့်လို့ ရနေပြီလည်း ဖြစ်ပါတယ်။ တန်းဟတ် ဟာ မီဒီယာ များ ရဲ့ ယူနိုက်တက် နည်းပြ ရာထူး နဲ့

ပါတ်သတ်ပြီး မေးခွန်းများကို ဖြေကြား ရာမှာ” ယူနိုက်တက်လိုအသင်းမျိုးနဲ့ သတင်း တွေထွက်နေတယ်ဆိုတာ ကျနော့် အတွက် တော့ အရမ်းကို ဂုဏ်ယူစရာပါ။

ဒီလို ကြီးကျယ်ခမ်းနားတဲ့ အသင်း မျိုး ကို ကိုင်တွယ်ခွင့် ရတဲ့ နည်းပြ က အရမ်းကံကောင်းပါတယ်။ဒါပေမယ့် လက်ရှိအချိန် မှာတော့ အေဂျက် အသင်းအတွက်ပဲ အာရုံစိုက် ထားပါတယ်။

တကယ်လို့ ထူးခြားတာ တစ်ခုခု ရှိရင် ကျနော်အားလုံးကို  အရင်ဆုံး အသိ ပေးသွားမှာပါ” ဟု ဆို သွားခဲ့ ပါတယ်။ တန်းဟတ် ဟာ ယူနိုက်တက် အသင်းနဲ့ သတင်း တွေ မထွက် ခင်

ကာလ က ဘာစီလို နာ နည်းပြ ရာထူးနဲ့ ပါတ်သတ်ပြီး သတင်း ကြီး ခဲ့သေး ပေမယ့် အဆိုပါ အချိန် တုန်းကတော့ လုံး၀ ဖြေရှင်းချက် ပြု လုပ်ခြင်း မရှိပဲ ယခု မန်ချက်စတာ ယူနိုက်တက် နဲ့

သတင်း တွေ မှသာ အပေါင်းလက္ခဏာဆန်တဲ့ ဖြေရှင်း ချက် တွေပေး သွားတာကြောင့် ယူနိုက်တက် ပရိတ်သတ် တွေ ကတော့ လာမယ့် ရာသီကုန် မှာ တန်းဟတ်ကို ယူနိုက်တက် နည်းပြ ဖြစ်လာမယ်လို့ ယုံကြည် လာကြ တာကို တွေ့မြင် ရပါတယ်။ကူးယူဖေါ်ပြခြင်းမပြုရ

Zawgyi




လက်ရှိအချိန်မှာတော့ ယူနိုက်တက် အသင်းက ယာယီနည်းပြအဖြစ်မိုက်ကယ်ကားရစ်ကိုယာယီကိုင်တွယ်စေနေပြီးရာသီကုန်မှ သာ နည်းပြ သစ် ခန့်အပ်မယ့် အခြေအနေရှိနေပါတယ်။








 

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *

error: Content is protected !!