ဗီလာရီးရဲလ် ၀-၂ ယူနိုက်တက် ပွဲ မှ နည်းပြ သစ်ကာရစ်ရဲ့ ထူးထူးခြားခြား နည်းစနစ် မျာအကြောင်း 

Unicode

ဗီလာရီးရဲလ် ၀-၂ ယူနိုက်တက် ပွဲ မှ နည်းပြ သစ်ကာရစ်ရဲ့ ထူးထူးခြားခြား နည်းစနစ် မျာအကြောင်း

ယူနိုက်တက် အသင်းကတော့ အဝေးကွင်းမှာ ဗီလာရီးရဲလ် အသင်းကို ၂-၀ ဆိုတဲ့ ဂိုးပြတ် ရလဒ် နဲ့ အနိုင် ရရှိ သွားပြီး ‌၁၆ သင်း အဆင့်ကို ထိုက်ထိုက် တန် တန် တက်လှမ်းသွားခဲ့

ပါတယ်။ အဆိုပါ ပွဲစဉ် အပြီး မှာ တော့ လက်ရှိယာယီ နည်းပြ ဖြစ်သူ ကာရစ်လက်ထပ် မှာ ပြောင်းလဲ သွားတဲ့ နည်းစနစ် အပြောင်းအလဲ တစ်ချို့ကို သုံးသပ်

ပေးလိုက်ပါတယ်။ တစ်- ဘောလုံးကိုင် ကစားလာခြင်း၊ ယူနိုက်တက် အသင်း အနေနဲ့ ဒီကနေ့ ပွဲစဉ် မှာ အရင် ကစားနေကြ ပုံ စံများနဲ့ မတူ တစ်ချက် ထိ အတို ပေး ပုံစံ လေး တွေနဲ့

ဘောလုံးကို အတက် နိုင် ဆုံး ကိုင် ကစားခဲ့ ပြီးတော့ တစ်ဖက် အသင်း ကို အတော်လေး ဒုခ္ခပေး သွားခဲ့ပါတယ်။ စာရွက်ထဲ မှာ ၄-၂-၃-၁ ပုံစံ နဲ့ ပွဲထွက် လာပေမယ့် တကယ့် တကယ်

ကစားချိန်မှာတော့ ခံစစ် ကစားချိန်မှာ ၄-၄-၁-၁နဲ့ တိုက်စစ် ကစားချိန်မှာ ၂-၂-၄-၂ နဲ့ နောက်ဆုံး ၂-၅-၃  ပုံစံ တွေကို အသုံးပြု သွားခဲ့တာ ကို ထူးထူးခြားခြားတွေ့မြင် ခဲ့ရပါတယ်။ နှစ်- ဖိအား အလွန်ပေးခြင်း

တစ်သင်းလုံးနီးပါးကို တစ်ယောက် ခြင်းစီ လူကပ် ပြီး ဖိအားပေး သွားခဲ့ ပါတယ်။ ဒါကြောင့် လည်းဗီလာရီးရဲလ်တို့ တိုက်စစ်ကို ဘောလုံးမရောက်ပဲ လူပေးတာ တေနဲ့ သာ အတော်များများ

အချိန်ကုန် ခဲ့ပြီး အပိုင်အခွင့် အရေးတွေလည်း မဖန်တီးနိုင် ခဲ့ ပါဖူး။ဒါ့အပြင် ဖရက်ရဲ့  Pressing ကောင်းမှု ကြောင့် ပဲ ယူနိုက်တက် တို့ ပထမဂိုးကို ရော်နယ်ဒို က

ရယူ ပေးနိုင် ခဲ့တာ ကို တွေ့ခဲ့ ရပါတယ်။ သုံး- လူစားလဲမှု မှန်ကန်ခြင်း- နည်းပြ ကာရစ်အနေနဲ့ အဝေးကွင်း ဖြစ်တဲ့ အလျောက် တိုက်စစ်ကို အလွန် အကြွံ မကစားစေ ခဲ့ ပဲ

ပထမပိုင်း မိနစ် ၆၀ လောက်အထိကို ဂိုးမပေး ရရေးကို သာ ဦးတည် ကစားသွားခဲ့ ပါတယ်။ ၆၅ မိနစ်အရောက်မှာတော့ အခွင့် အရေး ဖန်တီးမှု အားကောင်းတဲ့ ဖာနန်ဒက်၊ ရက်ဖိုဒ့် တို့ ကို

ထည့်ပြီး ဂိုး ရဖို့ ကြိုးစား ခဲ့ ရာက နေ သွင်းဂိုးနှစ်ဂိုး အထိ ရရှိ သွားခဲ့ တာကို တွေ့ ခဲ့ ရပါတယ်။ပထမဆုံးပွဲစဉ်ဖြစ်တာကြောင့် ချီးကျူးဖို့ စောသေးတာကြောင့် လာမယ့်

ချဲလ်ဆီးနဲ့ ပွဲ ကို ဆက်လက်စောင့် ကြည့် ပြီး မှ ကာရစ်ကို ချီးကျူး ကြရအောင်ဗျာ။ဒါ့အပြင် ရော်နယ်ဒို ကတော့ ချန်ပီယံလိဂ် ဘုရင်လို့ ပြော

ရလောက်အာင် ကို ချန်ပီယံ လိဂ် နဲ့ ပါတ်သတ်ရင် ဂိုးလဒ်ကာင်း လှပြီး ပထမဆုံးသွင်းဂိုး ရခဲ့တဲ့ ဆန်ချို ကိုလည်းချီးကျူးသင့်ပါတယ်။ဒါ့အပြင် ဖရက်ကလည်း အချီးကျူး ခံ သင့်တဲ့ကစားသမား ပါပဲဗျာ။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *

error: Content is protected !!