ဗီလာရီးရဲလ် အသင်းနဲ့ ပွဲစဉ်မှာ နည်းပြသစ်ကာရစ် အသုံးပြုလာနိုင်ခဲ့ လူစာရင်း နှစ်မျိုး 
Unicode
ဗီလာရီးရဲလ် အသင်းနဲ့ ပွဲစဉ်မှာ နည်းပြသစ်ကာရစ် အသုံးပြုလာနိုင်ခဲ့ လူစာရင်း နှစ်မျိုး
လက်ရှိ ယူနိုက်တက် အသင်းရဲ့ လစ်လပ်နေတဲ့ နည်းပြ နေရာကို တော့ အသင်းရဲ့ ဂန္တ၀င် ကစားသမား ဟောင်းတစ်ဦးဖြစ်သူ မိုက်ကယ် ကာရစ် က ယာယီ အားဖြသ့် အဓိ က
တာ၀န်ယူကိုင်တွယ် သွားမယ်လို့ သိရပါတယ်။ဒါကြောင့် လာမယ့် ဗုဒ္ဓဟူးနေ့ မနက် ၁၂:၁၅ အချိန်မှာ ရင်ဆိုင် ကစားမယ့် ဗီလာရီးရဲလ်နဲ့ ချန်ပီယံလိဂ် ပွဲစဉ် မှာ ကာရစ်
အသုံးပြု လာနိုင်တဲ့ ခန့်မှန်းလူ စာရင်း နှစ်မျိုးကို ဖေါ်ပြ ပေး လိုက်ပါတယ်။ တစ်- ပုံမှန်အတိုင်း ၄-၂-၃-၁ ပဲဖြစ်ပါတယ်။ အသင်းကို စတာ၀န်ယူ ခြင်း ကစားဟန်
တစ်ခု လုံးကို ပြောင်း လဲ ဖို့ မဖြစ်နိုင်တာ ကြောင့်ကာရစ်တစ်ယောက် ၄-၂-၃-၁ ပုံစံ ကို လူအပြောင်းအလဲ များစွာနဲ့ အသုံးပြု လာနိုင် ဖွယ်ရှိတယ်လို့ သိရပါတယ်။ဒါ့အပြင် ဘိုင်လီ ၊လင်ဂတ် နဲ့ ဗန်ဒီဘီ တို့ လို အရန် ကစား
သမား တွေဟာ ကာရစ် ရဲ့ စိတ်ကြိုက် ကစားသမား တွေ ဖြစ်တယ်လို့ လည်း သိရပြီး အဆိုပါ ကစားသမားများ ပါ၀င် လာနိုင်တယ်လို့ ခန့်မှန်း ရမိပါတယ်။ ဒါကြောင့် ၄-၂-၃-၁
ပုံစံ မှာ နောက်တန်းမှာ ဘိုင်လီ၊ဗာရိန်း အတွဲ နဲ့ ဘစ်စာကာ ၊ဒါဏ်ရာရနေတဲ့ ရှော အစား တဲလက် ပါ၀င်လာနိုင်ပြီး ကွင်းလယ် မှာ တော်မီနေး၊ဗန်ဒီဘီ အတွဲ ကို အသုံး ပြုကာ
တောင်ပံ တစ်ဖက် စီ၌ ရက်ဖိုဒ့်၊ဆန်ချိုတို့ နဲ့ တိုက်စစ်မှုး ရော်နယ်ဒို ထားကာ နောက်ချန် တိုက်စစ် အဖြစ် လင်ဂတ် ကို အသုံး ပြု လာနိုင်တယ်လို့ သိရပါတယ်။ ဒါ့အပြင်
နောက်ထပ် ဖြစ်နိုင်ဖွယ်ကစားကွက်မှာတော့ ၄-၄-၁-၁  ပုံစံ ဟု သိရပြီး နောက်တန်းက တော့ ခုန က ပုံစံ အတိုင်း အထိုင် ချကာ ကွင်းလယ် ၄ ဦးမှာ ဗန်ဒီဘီ ၊ဖာနန်ဒက်၊ ရက်ဖိုဒ့်၊ ဆန်ချို အတွဲ ကို အသုံး ပြု ပြီး တိုက်စစ် ၂ ဦး မှာ
လင်ဂတ် ကို နောက်ချန် တိုက်စစ် ထားစေ ပြီး တိုက်စစ် မှုး အဖြစ် ရော်နယ်ဒို ကို ထား ကစားစေ တဲ့ ကစားကွက် ကို အသုံး ပြုနိုင် တယ်လို့ သိရပါတယ်။
Zawgyi
Related Posts
Leave a Reply
Your email address will not be published. Required fields are marked *
error: Content is protected !!